[1] ကာရာအိုကေ စက်ကို keyboard + mouse တပ်ဆင်ရမှာဖြစ်ပါတယ်
[2] software ကို exit ထွက်ရမှာြဖစ်ပါတယ်၊၊ exit ထွက်ရန် အောက်ပါနည်းလမ်းတခုခုကို
အသုံးပြုပါ ၊၊
[1] Remote ဖြင့် 000001 နှိပ်ထည့်ပါ ။ ENTER နှိပ်ပါ ။
[2] တပ်ဆင်ထားသော Keyboard ပေါ်မှ Alt နှင့် F4 တွဲနှိပ်ပါ ။
[3] Android Tablet အသုံးပြုထားလျှင် (Number Input) နှံပါတ်ဖြင့် သီချင်းတင်ခြင်း ကိုသွားပါ ။ ပြီးလျှင် 000001 နှိပ်ထည့်ပါ ။ OK နှိပ်ပါ ။
[3] အခုဆိုရင် Window Desktop ကိုမြင်တွေ့ရပြီဖြစ်ပါတယ် ။ Window Desktop ပေါ်မှာ Mouse ဖြင့် Right Clickနှိပ်ပါ ။ အောက်ပါအတိုင်းတွေ့မြင်ရမည် ။ Screen Resolution ကိုရွေးပေးပါ ။
[4] Resolution Adjust dialog ပေါ်လာမည်ဖြစ်ပါသည် ။ အောက်ပါအတိုင်းဆက်လက်လုပ်ဆောင်ပေးပါ ။
[5] စက်ပြန်ပိတ်ပြီး ပြန်ဖွင့်ပေးပါ ။ အချို့ TV များတွင် ဘေးဘက်တွင်အပြည့် မပေါ်တာမျိုး ရှိတတ်ပါသည် ။
အောက်ပါအတိုင်းဆက်လက်လုပ်ဆောင်ပါ ။
[1] Software ကို Exit ထွက်ပေးပါ ။ Desktop ပေါ်တွင် Mouse ဖြင့် Right Click နှိပ်ပေးပါ ။
အောက်ပါအတိုင်းပေါ်လာလျင် AMD Catalyst Control Center ကိုရွေးပေးပါ ။
[2] အောက်ပါအတိုင်းပေါ်လာလျှင် Preferences ကိုနှိပ်ပြီး Advance View ကိုရွေးပါ ။
[3] Advance View ပေါ်လာလျှင် ဘယ်ဖက်မှ My Digital Flat Panel ကိုနှိပ် Scaling Option ကိုနှိပ်ပါ ။
Overscan ကိုညာဖက်အဆုံးထိဆွဲတင်ပါ ။အကယ်၍ Overscan သည် ညာဖက်အစွန်ဆုံးမှာ ရှိနေပြီးသားဆိုလျှင် အနောက်တွင်ဖော်ပြမည့်နည်း
ကိုအသုံးပြုရမှာြဖစ်ပါတယ် ။
အချို့ TV များတွင် ဘေးဘက်တွင်အပြည့် မပေါ်တာမျိုး ပြုပြင်ခြင်း
ထိုသို့ ပြုပြင်ရန်အတွက် TV ဖြင့် ကိုက်ညီ (အဆင်ပြေ) သည့် Resolution ကိုရှာဖွေပေးရမည်ဖြစ်သည် ။
[1] ပထမဦးစွာ ရှေ့တွင်ပြောထားသည့်အတိုင်း -> Software ကို Exit ထွက်ပါ ။ -> Desktop ကို Right
Click နှိပ်ပြီး -> Screen Resolution ကိုရွေးချယ်ပါ ။
[2] အောက်ပါ Standart Resolution များထဲမှ တခုခုကို ရွေးချယ်ပေးရမည်ဖြစ်သည် ။
ရွေးချယ်ရာတွင် ငယ်စဉ်ကြီးလိုက် ရွေးချယ်ပေးစေချင်ပါတယ် ။
1920 x 1080
1600 x 900
1440 x 900
1360 x 768
1280 x 800
1280 x 768
1280 x 720
-> 1280 x 720 ကိုရွေးပါ ။ Apply နှိပ်ပါ ။
-> screen အပြည့်မရသေးလျှင် Revert နှိပ်ပါ ။ 1280 x 768 ကိုထပ်ရွေးပါ ။ Apply နှိပ်ပါ ။
-> screen အပြည့်မရသေးလျှင် Revert နှိပ်ပါ ။ 1280 x 800 ကိုထပ်ရွေးပါ ။ Apply ကိုနှိပ်ပါ ။
-> အဆင်ပြေသော Resolution ကို တွေ့လျှင်တော့ Keep Changes ကိုနှိပ်ပါ ။
[3] အခုဆိုရင်တော့ အဆင်ပြေသော Resolution ကိုတွေ့ရပြီဖြစ်ပါသည် ။ နောက်ဆုံးအနေနဲ့ Setting တခုသာပြင်
ရပါတော့မည် ။ Desktop ပေါ်မှ Computer ကို Double Click နှိပ်ပြီးဖွင့်ပါ ။ ပြီးလျှင် D: ကိုဖွင့်ပါ ။
အောက်ပါအတိုင်း ဆက်ပြီးဖွင့်သွားပါ ။
D:\mnt\sdcard\MI7
အခုဆိုရင် msconfig ဖိုင်ကိုမြင်ရပြီဖြစ်ပါတယ် ။ အဲဒီ msconfig ဖိုင်ကို ဆက်ပြီးဖွင့်ပေးပါ ။
အောက်ပါအတိုင်းပေါ်လာလျှင် Fullscreen_Enable=0 ကို Fullscreen_Enable=1 ပြောင်းလိုက်ပါ ။
Msconfig ဖိုင်ကိုပြန်ပိတ်ပေးပါ ။ save လုပ်မှာလားလို့ မေးလျှင် save လုပ်ပေးပါ ။
အခုဆိုရင် လုပ်ငန်းစဥ်အားလုံးပြီးဆုံးသွားပြီဖြစ်လို့ စက်ကိုပိတ်ပြီးပြန်ဖွင့်လို့ရပါပြီ ။
Advance: ဒါကတော့ နောက်ထပ် ပိုကောင်းအောင်ပြုလုပ်တဲ့နည်းလမ်းတခုပဲဖြစ်ပါတယ် ။
8=1920 x 1080
7=1600 x 900
6=1440 x 900
5=1360 x 768
4=1280 x 800
3=1280 x 768
2=1280 x 720
ဥပမာ။ TV နှင့် အဆင်ပြေသော Resolution မှာ 1360 x 768 ဆိုပါတော့ ။
ဒါကြောင့် ရှေ့မှာ ရှင်းပြထားတဲ့ နည်းအတိုင်း Resolution ကို 1360 x 768 ပြောင်းထားလိုက်ပါ ။
ပြီးလျှင် အရှေ့တွင် ပြောပြထားသည့်အတိုင်းပဲ msconfig ဖိုင်ထဲမှ Fullscreen_Enable=0
နေရာတွင် Fullscreen_Enable=1 မပြောင်းပဲ Fullscreen_Enable=5 ပြောင်းထားလဲရပါတယ်။
ယခု 5 သည် ဘယ်ကရသလဲဆိုရင် 1360 x 768 ရဲ့အရှေ့မှ ဂဏန်းဖြစ်ပါတယ် ။ဒါ့ကြောင့် 4K TV တစ်လုံးက
Resolution 1920 x 1080 နဲ့မှ အဆင်ပြေရင် Fullscreen_Enable=8 လို့ပြောင်းထားပေးရမှာဖြစ်ပါတယ် ။